ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နီပေါ က ရုတ်တရက် ရေကြီးမှု ကယ်ဆယ်ရေး အခြေအနေ
နီပေါ က ရုတ်တရက် ရေကြီးမှု ကယ်ဆယ်ရေး အခြေအနေ
ရေးသားခဲ့သည်။
နီပေါ နဲ့ တိဘက် နယ်စပ်မှာ ရုတ်တရက် ဖြစ်ပါ်လာတဲ့ သဘာဝ ဘေးကြောင့်အလွန် အံ့အားသင့်ခဲ့ရပြီး သေဆုံးရသူတွေ အတွက် စိတ်သောက ရောက်နေရကြောင်း နီပေါ ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ကယ်ဆယ်ရေး အတွက် တရုတ် နိုင်ငံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး၊ သောက်ရေရရှိရေးနဲ့ အညစ်အကြေးတွေ ရှင်းလင်းရေး အတွက် ဒေါ်လာ ၅ သိန်း ကူညီသွားမယ်လို့လည်း အမေရိကန် က ကတိပြုထားပါတယ်။ အိန္ဒိယ နိုင်ငံကလည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်သွားမယ်လို့ ပြောဆိုပါတယ်။ ဘီဘီစီ သတင်းထောက် အရုနာ အိုင်ယန်ဂါရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။