ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
နီပေါရေဘေး သေဆုံးသူ ၇၅၀ ကျော်ရှိ၊ မိုးနဲ့လမ်းပန်းကြောင့် ကူညီရှာဖွေရေးအခက်ကြုံ
နီပေါနဲ့ တိဗက်နယ်စပ်မှာဖြစ်ခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် နီပေါဘက်ခြမ်းမှာ သေဆုံးသူ ၇၀၀ ကျော်လာပြီး လူ ထောင်ချီ ပျောက်ဆုံးနေပါတယ်။ အင်အား ထောင်ချီသုံးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမဲ့ မိုးနဲ့လမ်းပန်းကြောင့် ကူညီရေးနဲ့ရှာဖွေရေးလုပ်ဖို့ ခက်ခဲနေပါတယ်။
သြဂုတ် ၃၀ ရက်သတင်းများအနှစ်ချုပ် - ရွှေကူမြို့ကနေ တက်လာတဲ့စစ်သင်္ဘော ၂ စင်းကို KIA ဒရုန်းနဲ့တိုက်ခိုက်
ဂျပန်၊ ဆိုက်တာမာစီရင်စုနယ်၊ ဟီဂါရှီမတ်ဆုယာမာမြို့က အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးဟာ မွေးကင်းစ ကလေးငယ်ရုပ်အလောင်းကို စွန့်ပစ်မှုသံသယနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဂျပန်ကနေလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းရောက်မြန်မာသန်းချီအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ်
ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၆ မျိုးကိုလည်း ကြေညာလာပါတယ်။ အဲဒီပြစ်မှု ၆ မျိုးက ဘာတွေလဲ။ သန်းနဲ့ ချီရှိနေတဲ့ထိုင်းရောက် မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
နီပေါရေကြီးမှု - အိပ်မက်ခရီးစဥ်အတွင်း ပျောက်ဆုံးခဲ့ရသူတွေ
တရုတ်အစိုးရ လက်ထဲက တရားဝင်စာရင်းကို ပျောက်ဆုံးသူတွေရဲ့ မိသားစုတွေ ကြည့်ရှုလို
ကြံ့ခိုင်ရေးပါတီညီလာခံနဲ့ အာဏာလွန်ဆွဲပွဲတွေ
အာဏာရပါတီတစ်ခုရဲ့ ညီလာခံဟာ အာဏာလွန်ဆွဲပွဲတွေနဲ့ အမြဲဒွန်တွဲနေတတ်ပါတယ်။ စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီညီလာခံ အကြိုကာလမှာလည်း အငြင်းပွားမှုတွေ စတင်နေပါပြီ။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ဦးမင်းအောင်လှိုင်ရဲ့ထိုင်းခရီးက သူ့ရဲ့ သံတမန်ရေးအထီးကျန်မှုကိုချိုးဖျက်ပေးနိုင်ခဲ့လား
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ဟာ နေပြည်တော်ရဲ့ အာဆီယံနဲ့ ဒေသတွင်းမှာ နိုင်ငံတကာဆက်ဆံရေးပြန်တည်ဆောက်ဖို့ကြိုးပမ်းနေချိန်နဲ့ ထိုင်းရဲ့ နယ်စပ်တည်ငြိမ်ရေးလိုအပ်ချက်တို့ တိုက်ဆိုင်နေချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။
NUG တရားရေးရဲ့ မစီရင်နိုင်သေးတဲ့အမှုတွေ
စစ်ကိုင်းတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ တရားစီရင်ရေး ခေါင်းစဉ်အောက်မှာ တုံ့ဆိုင်းနေဆဲဖြစ်ပါတယ်။
နေပြည်တော်နဲ့အပြိုင် SCEF အင်ဂျင်ပါဝါတည်ဆောက်နိုင်မလား
နေပြည်တော်မှာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့ဆုံချိန် SCEF ကလည်း နွေဦးတော်လှန်ရေးထဲပါဝင်နေဆဲ လက်နက်ကိုင်အဖွဲ့တချို့နဲ့ဆွေးနွေးလာတဲ့ နှစ်ဖက်အားပြိုင်မှု အခင်းအကျင်းက ပိုရုပ်လုံးပေါ်လာနေပါတယ်။
''စစ်တပ်ပြောတဲ့ဖက်ဒရယ်နဲ့ ကျွန်တော်တို့ ပြောတဲ့ဖက်ဒရယ်မတူဘူး'' - ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
ဘီဘီစီက NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်း ဆာခေါင်းကို ဖက်ဒရယ်အသွင်ကူးပြောင်းရေး ဆိုင်ရာအစီအမံတွေ AFTA ရဲ့ Zero Draft မူကြမ်းအကြောင်း မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရဲ့ ရက် ၁၀၀
တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ ရက် ၁၀၀ ဟာ သူ့ဆရာ ဦးမင်းအောင်လှိုင်ရဲ့ လောင်းရိပ်အောက်ကနေ ကုန်ဆုံးခဲ့ရပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်