ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တော်လှန်ရေး ရန်ပုံငွေ ထောက်ပို့တွေ လျော့နည်းလာ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေကို တော်လှန်ရေးရန်ပုံငွေတွေထောက်ပံ့ပေးနေတဲ့ ထောက်ပို့တွေဟာ ပြီးခဲ့တဲ့ နှစ်လအထိကာလအတွင်း ဦးရေငါးသောင်းခွဲနီးပါးလျော့နည်းသွားတယ်လို့ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် PRF ကထုတ်ပြန်လာပါတယ်။ အခုလို ထောက်ပို့မှုတွေလျော့သွားတာဟာ အကြောင်းအမျိုးမျိုးရှိနိုင်သလို အဓိကတော့ အလုပ်အကိုင်အခက်အခဲ တွေကြောင့် ငွေကြေး စီးဆင်းမှုရပ်တန့်တာကြောင့်ဖြစ်နိုင်ပြီး တော်လှန်ရေးအပေါ် သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ မြေပြင်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘာကြောင့် လျော့နည်းသွားရတာပါလဲ။ ဒီအကြောင်း ကိုရင်မောင်က ပြောပြပေးပါမယ်။