ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာတစ်နိုင်ငံလုံးမှာ HIV ပိုးရှိသူ သုံးသိန်းနီးပါးရှိ
မြန်မာတစ်နိုင်ငံလုံးမှာ HIV ပိုးရှိသူ သုံးသိန်းနီးပါးရှိ
ရေးသားခဲ့သည်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ HIV ပိုးရှိသူ သုံးသိန်းနီးပါးရှိနေပါတယ်။ HIV ပိုးရှိနေတာကြောင့် ပုံမှန်သောက်ရတဲ့ ART ဆေးအသုံးပြုနေရသူ ရန်ကုန်တိုင်းမှာတင် ၇သောင်းကျော်ရှိနေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က မနေ့ကပြုလုပ်တဲ့ တိုင်းလွှတ်တော် အစည်းအဝေးမှာပြောထားပါတယ်။ HIV ပိုးကူးစက်ခံရသူတွေကို ကူညီနေသူတွေကတော့ မြေပြင်မှာ ဒီထက်ပိုများနိုင်ပြီး တစ်နှစ်ထက်တစ်နှစ် ရောဂါပိုးကူးစက်ခံရသူမျာလာနေတယ်လို့ ပြောပါတယ်။ ဘာကြောင့်ပါလဲ။ အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။