ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုဘိုင်းလ် ငွေပေးချေမှု စနစ်ကို နိုင်ငံရပ်ခြားက သုံးစွဲလို့ မရအောင် လုပ်ဖို့ရှိနေ
မိုဘိုင်းလ် ငွေပေးချေမှု စနစ်ကို နိုင်ငံရပ်ခြားက သုံးစွဲလို့ မရအောင် လုပ်ဖို့ရှိနေ
ရေးသားခဲ့သည်။
ပုဂ္ဂလိက ဘဏ်တွေက သုံးစွဲနေတဲ့ ကေပေး စတဲ့ မိုဘိုင်းလ် ငွေပေးချေမှု စနစ်တွေကို နိုင်ငံခြားကနေ သုံးစွဲလို့ မရအောင်လုပ်ဖို့ ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။ အဲဒီလို ပိတ်ခဲ့ရင် ပြည်ပမှာ အလုပ်သွားလုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ပြည်တွင်းကို ငွေပြန်လွှဲရာမှာ အခက်အခဲတွေ နဲ့ ရင်ဆိုင် ရနိုင်ပါတယ်။ Mobile Payment တွေကို ပိတ်ဖို့ ဘာကြောင့် ညွှန်ကြားခဲ့တာပါလဲ။ ကိုမြင့်လွင်က ပြောပြပေးမှာပါ။