နီပေါနဲ့ တိဘက် ရေကြီးမှု သေဆုံးသူ ၁,၀၀၀ ကျော်လာ

နီပေါနဲ့ တိဘက် ရေကြီးမှု သေဆုံးသူ ၁,၀၀၀ ကျော်လာ
ရေးသားခဲ့သည်။

နီပေါနဲ့ တိဘက်မှာ ဖြစ်ခဲ့တဲ့ ရေကြီးမှုအတွင်း သေဆုံးသူ ဦးရေဟာ ၁,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက အများစုဟာ နီပေါဘက်မှာ ဖြစ်ပြီး ၉၈၇ လောင်း တွေ့ခဲ့ရတယ်လို့ နီပေါ အာဏာပိုင်တွေက ပြောပါတယ်။ နောက်ထပ် လူ ၃,၉၀၀ ကျော်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အဲဒီထဲက ရာပေါင်းများစွာဟာ ရေအားလျှပ်စစ် စက်ရုံက လိုဏ်ခေါင်းတွေထဲမှာ ပိတ်မိနေကြတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ ဘီဘီစီရဲ့ တောင်အာရှ ရေးရာ သတင်းထောက် အဇာဒါ မိုရှီရီ နီပေါဘက်က အဆိုးဆုံး ကြုံတွေ့ခဲ့ရတဲ့ ဒွန်ရှေးကနေ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။