ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတွေကို စစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပြောင်းအလဲလုပ်
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ဟာ မိခင်နဲ့ ငါးနှစ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် ဖုန်းစကားပြောခွင့်ရခဲ့ - ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ “မူအားဖြင့် အဆင်သင့်ရှိတယ်” လို့ ရုရှားက ပြောပြီး သမ္မတ ထရမ့် ကလည်း စစ်ပွဲအဆုံးသတ်ဖို့ အရင်ကထက် ပိုနီးစပ်လာနိုင်တယ်လို့ ပြောခဲ့ပြီး နာရီပိုင်းအကြာမှာ ယူကရိန်းကို ရုရှားဒုံးကျည်တွေနဲ့ မနေ့ ညလုံးပေါက် ထပ်မံ တိုက်ခိုက် - အမေရိကန်နဲ့ အစ္စရေးစစ်တပ်တွေက အကြီးစားတိုက်ခိုက်မှုသစ်တွေ လုပ်ဖို့ အစီအစဉ်တွေ ရေးဆွဲထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အီရန်နဲ့ အမေရိကန်ကြား “မကြာခင် တစ်စုံတစ်ရာ ဖြစ်လာမယ်” လို့ သမ္မတ ထရမ့် က ပြော - အမေရိကန်မှာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် တောင်ကယ်ရိုလိုင်းနားက သမ္မတ ထရမ့် တက်ရောက်တဲ့ လူထုစုဝေးပွဲကို ဆန္ဒပြသူတွေ အကြိမ်ကြိမ် နှောင့်ယှက်ခံခဲ့ရ - ဆော်ဒီနိုင်ငံပိုင် ရေနံကုမ္ပဏီ Aramco က နိုင်ငံအရှေ့ပိုင်း Dhahran မြို့မှာရှိတဲ့ ဌာနချုပ် ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြ - အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်လုံး ထိုင်ဝမ်ဘက်ကို ဦးတည်လာနေလို့ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၁၅၀ ကျော် ဖျက်သိမ်းထားပြီး လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်ကာ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထား - ဗြိတိန်နိုင်ငံဟာ အာတိတ်ဒေသကို ကာကွယ်ဖို့ ကြိုးပမ်းရာမှာ သိသာထင်ရှားတဲ့ အားနည်းချက်တွေ ရှိနေတယ်လို့ ဗြိတိန်ပါလီမန်ကော်မတီတစ်ရပ်က သတိပေး - ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ပြီးနောက် ချထားပေးခဲ့တဲ့ ပြန်လည်တည်ဆောက်ရေး ကန်ထရိုက်တွေကနေ မာဖီးယားပုံစံ ရာဇဝတ်ဂိုဏ်းတွေ ငွေထုတ်ယူနိုင်အောင် ကူညီ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရသူ ၈ ဦးကို အီတလီနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ အကြောင်း
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၈ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၇ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၆ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၅ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ