ရေနစ်နေတဲ့ကားထဲက လူကိုကယ်ထုတ်
ရေနစ်နေတဲ့ကားထဲက လူကိုကယ်ထုတ်
ရေးသားခဲ့သည်။
သြစတြေးလျနိုင်ငံ မိုရေးဖီးလ်မှာ ရေကြီးနေတဲ့ထဲ နစ်သွားတဲ့ကားတစ်စီးထဲက လူကို ရုပ်သံသတင်းထောက်တစ်ယောက်နဲ့ ဘေးကလူတစ်ယောက်တို့ပေါင်းပြီး ကယ်ထုတ်ခဲ့ကြတာကို တွေ့ရမှာပါ။ သြစတြေးလျအသံလွှင့်ဌာန ABC က သတင်းထောက် ဝီလ်မာရေးက ရေထဲခုန်ဆင်းပြီး ကားထဲကလူဆီ ကူသွားဆွဲထုတ်ခဲ့တာပါ။ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ကြပါဘူး။ •
#ဘီဘီစီမြန်မာပိုင်း #သြစတြေးလျ #ရာသီဥတု #သဘာဝဘေး



