TNLA အားပေးမှုနဲ့ နောင်ချိုက ဗလီကို နိုင်ငံပိုင်သိမ်းဖို့ အမိန့်ချ
TNLA အားပေးမှုနဲ့ နောင်ချိုက ဗလီကို နိုင်ငံပိုင်သိမ်းဖို့ အမိန့်ချ
ရေးသားခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ပေါ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ ဝတ်ကျောင်းတော် ၁ လုံး အပြင် ဂေါ်ရခါး လူမှု အသိုင်းအဝိုင်းရဲ့ ဓမ္မသာလာ လေးထပ်တိုက် က ဈေးဆိုင်ခန်းတွေနဲ့ လူနေအိမ် ၂၀ကျော်ဟာ ပြီးခဲ့တဲ့နှစ်က ချိပ်ပိတ်ခံခဲ့ရပါတယ်။ နောင်ချိုကို တအာင်းတပ် TNLA ထိန်းချုပ်ထားတုန်း TNLA ကို အားပေး ကူညီတယ် ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။ အခုတော့ အစ္စလာမ် ဘာသာဝင် ၂ ယောက်ကို အကြမ်းဖက် ဆက်စပ်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခဲ့သလို ဗလီကိုလည်း နိုင်ငံပိုင်သိမ်းဖို့ တရားရုံး အမိန့် ထွက်လာပါတယ်။ အဲဒီက အခြေအနေတွေ အကြောင်း ကိုဝေဖြိုး စုစည်း ပြောပြထားပါတယ်။



