ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ဆောက်လုပ်ရေးစီမံကိန်း ဘတ်ဂျတ်လျာထားချက်တွေ ကာလပေါက်စျေးထက်ပိုပြထားလို့ ရန်ကုန်တိုင်း လွှတ်တော် ကော်မတီက ဖြတ်တောက် လျှော့ချခဲ့ရ

- အောက်တိုဘာ ၂၄ တရက်တည်း မှာတင် ယာဉ်မတော်တဆမှုတွေကြောင့် လူ ၇ ဦး သေဆုံးပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာရ - လာမယ့် ၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက မုန်တိုင်းငယ်ကြောင့် မြနမာ နိုင်ငံအနှံ့ မိုးရွာပြီး ဒေသတချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတိပေး - ပြင်သစ်မှာ မနေ့ စနေနေ့က နိုင်ငံတစ်ဝန်း ဖြစ်ခဲ့တဲ့ ၊ လူနေမှုစရိတ် မြင့်တက်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ထောင့်သုံးရာ ကျော် ဖမ်းဆီးခံခဲ့ရ - ယူကရိန်းဟာ သူ့ရဲ့ Starlink ဂြိုဟ်တုစနစ်ကို တိုက်ခိုက်ရေးဒရုန်း စစ်ဆင်ရေးတွေ အတွက် အသုံးပြုပြီး ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ နည်းပညာဆိုင်ရာ သူကြွယ်ကြီး အီလွန်မာ့စ်ခ် က စွပ်စွဲ - အမေရိကန်မှာ နိုဝင်ဘာ ၃ ရက်နေ့ လွှတ်တော်သက်တမ်းလယ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြင့်လုပ်ဆောင်နေပြီး သမ္မတဟောင်း ဘားရက်ခ်အိုဘားမား ဟာ အိုဟိုင်းရိုး နဲ့ မီရှီဂန် ပြည်နယ်တွေမှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ မဲဆွယ်ပွဲတွေကို တက်ရောက်ခဲ့သလို သမ္မတ ထရမ့် ကတော့ ဖလော်ရီဒါမှာ ကြိုတင်မဲပေးပြီးနောက် ဂျော်ဂျီယာက ရီပတ်ဘလီကန်ပါတီ မဲဆွယ်ပွဲကို သွားရောက်ခဲ့ - ယီမင် နိုင်ငံမှာ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ကို တိုက်ခိုက်နေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ဆော်ဒီအာရေဗျ တောင်ပိုင်းကို ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်း ဒုံးကျည် ၁၀ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြော - ဘရာဇီး သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ လက်ဝဲယိမ်းသမ္မတ လူလာ ဟာ ဒီလအစောပိုင်းက ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ လက်ယာယိမ်း အထက်လွှတ်တော်အမတ် Flávio Bolsonaro ဖလာဗီယို ဘိုဆွန်နာရူး နဲ့ ယှဉ်ပြိုင်နေ - အိန္ဒိယမှာ အငြင်းပွားဖွယ် ရေအားလျှပ်စစ်ဆည် စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရဟာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၂၅၀ ခန့်ကို နိုင်ငံအရှေ့မြောက်ပိုင်း အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ဆီ စေလွှတ်ထားရ - ဗြိတိသျှ ဝန်ကြီးချုပ် အန်ဒီဘာနမ် က ဥရောပသမဂ္ဂ ရဲ့ လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို ဗြိတိန်အနေနဲ့ ပြန်ကျင့်သုံးမယ့် အစီအစဉ်ကို ဆန့်ကျင်မှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားလိုက်တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို